Friday, 21 March 2014

အမှတ်တရ ။

နေ့ တိုင်း ထမင်းမစားခင် ထိုးရတဲ့ ဆေးထိုး အပ် နဲ့ ဆေး တွေ ။
၁၀ လ ပိုင်း က နေ ၂ လပိုင်း ၂၀ ရက် နေ့ အထိ ။

Friday, 14 March 2014

မနေ့ ည က

ည က ခဏ အိပ်ပျော် သွားတာ သမီးလေး အသံ ကြားမှ လန့် နိုး မိတယ် . . .
မြင်လိုက် ရတာ ချက်ချင်း စိတ်ပူသွားတယ် . .
နို့ ဗူး စို့ တာ သီး သွားတာ လို့  အမေ ပြောတယ်။ သမီး လေး တော်တော် နာသွားမှာ သေချာတယ် ၊ နို့ တွေ ကနှာခေါင်း ထဲကပါ ထွက်လာတာဆိုတော့ . . ချက်ချင်း မျက်ရည် ကျမိတယ် ၊သူ့ အဖေ လည်း ချက်ချင်း ကျမ နဲ့ တူတူ နိုးတာပဲ ၊ ကျမတို့ ဘာလုပ် ရမှန်းလည်း မသိ ဆေးရုံ ချက်ချင်း သွားဖို့ ပြောပေမဲ့ အမေ က ခဏ နေ ကောင်း သွားမယ် ပြော တော့ ခဏ စောင့်ကြည့် သေးတယ် . . ခဏ နေတော့ သမီးလေး ပုံမှန်ပြန်ဖြစ်သွားတယ်၊
စိတ် အရမ်းပူ အရမ်း စိုးရိမ် ရတယ် သမီးရေ . . ဗိုက်ခွဲ ထားရတဲ့ ဒဏ်ရာ ကို မေ့ . . သမီးလေး အိပ်ပျော် သွားမှ ဗိုက်က ဒဏ်ရာ က နာလာတယ် . . . ဒါပေမဲ့ ခဏနေ သမီးလေး ပြန်နိုး လာတဲ့ အခါ နို့ ပြန်တိုက် ရတော့ နာတာ ကို ခဏ အောင့်ထား ရတယ် ။
မနက် မိုးလင်း အထိ ပြန်အိပ် လို့ မရတော့ ဘူး . . .
👪 🍼 💜 🕐

Tuesday, 4 March 2014

သမီးလေး

၂၀.၀၂.၁၄
တနာရီ ငါးဆယ် တစ် မိနစ် ၊
ဒီကမ္ဘာ ထဲ . . . ကျမ အရမ်း ချစ် တဲ့ သူ တယောက် ရောက် လာပြီ . . .
သမီးလေး မျက်နှာ မြင် လိုက်တဲ့ အချိန် . . . ကျမ နာကျင် တဲ့ ဝေဒနာ တွေ . . မေ့သွားတယ် . . .
ပထမ ရိုးရိုး မွေးမယ် လို့ ဆရာဝန် ကပြောထားပေမဲ့ . . 
မွေးခါနီး သမီး လေး က အထဲ မှာ အနေအထား မမှန်တာ ကြောင့် ခွဲ မွေး လိုက်ရတယ် . . .
ကျမ သမီးလေး ကို အရမ်းချစ် ပါတယ် ။